ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘ၀လေးတခုကို....လူတိုင်း.......လူတိုင်း....ပိုင်ဆိုင်နိုင်ပါစေ......
၁။ လူတစ်ယောက်၏ ဘဝသည် စကားတစ်လုံး စာတစ်ကြောင်း အမူအရာလေးတစ်ခုကြောင့်ပင် အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါသည်။
၂။ ကိုယ်ဘာကို ရတယ်ဆိုတာထက် ကိုယ်ဘယ်လိုလူ ဖြစ်တယ်ဆိုတာ ပိုပြီးအရေးကြီးပါတယ်။ လူတွေဟာ
ကိုယ်လိုချင်တာကို ရဖို့ အာရုံစိုက်ပြီးလုပ်ရင်းနဲ့ ကိုယ်ဘယ်လိုလူ ဖြစ်လာတယ်ဆိုတာ သတိမထားမိတော့ဘူး။
၃။ သင့် အတွေးတွေကို သတိထား သူတို့က စကားလုံးတွေဖြစ်လာသည်။
သင့်စကားလုံုးတွေကို သတိထား သူတို့က လှုပ်ရှားမှုတွေဖြစ်လာသည်။
သင့် လှုပ်ရှားမှုတွေကို သတိထား သူတို့က အလေ့အထတွေဖြစ်လာသည်။
သင့် အလေ့အထတွေကို သတိထား သူတို့က စရိုက်တွေ ဖြစ်လာသည်။
သင့် စရိုက်တွေကို သတိထား သူက သင့်ကံကြမ္မာ ဖြစ်လာလေသည်။
၎။ ကိုယ်က သူများကို အပြစ်တင်ရှုံ့ချနေတာဟာ သူဘယ်လိုလူလည်းဆိုတာ တကယ်တော့ သိတ်မပေါ်လွင်ဘူး။
ငါ ဘယ်လိုလူဆိုတာတော့ သေသေခြာခြာ ပေါ်လွင်သွားပြီ။
၅။ လူတစ်ယောက်ရဲ့ အားနည်းချက် ချို့ယွင်းချက်ကို လှောင်ပြောင်ရယ်မောတာဟာ ကောင်းတဲ့အကျင့်မဟုတ်ဘူး။
ကောင်းမြတ်တဲ့ နှလုံးသား တစ်ခုက လူတစ်ယောက်ရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို ဖော်ထုတ်ပေးဖို့ထက်
ဖုံးကွယ်ပေးဖို့သာ အလိုရှိတယ်။
၆။ ကိုယ့်အကြောင်းကို ချီးမွမ်းပြောဆိုခြင်းဟာ ဆယ်ခါမှာကိုးခါဟာ ချို့ယွင်းချက်တွေကို ပိုမို ထင်ရှားလာစေပြီး
ကောင်းကွက်တွေကို မှေးမိန်သွားစေတတ်ပါတယ်။
၇။ ချီးမွမ်းတယ် ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးအလုပ် သူတစ်ပါးလက်ထဲမှာရှိတယ်။ ကိုယ့်အတွက် အရေးအကြီးဆုံးက
ဘယ်သူဘာပြောပြော သဘောထားမှန်မှန်နဲ့ ကိုယ်လုပ်သင့်တာကို လုပ်ဖို့ပဲ။ အဲ့ဒါကိုယ်လက်ထဲမှာရှိတယ်။
၈။ လိမ်ညာတယ်ဆိုတာ မဆုံးနိုင်အောင် ဖုံးရတဲ့အတွက် ဆက်ပြီးတော့ လိမ်နေရတယ် အင်မတန် တွက်ခြေမကိုက်တဲ့ အလုပ်ဖြစ်တယ်။
၉။ လောလောဆယ် သင်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အားငယ်ရှက်ရွံ့တတ်သူဖြစ်စေ၊
ရင်နှီးပွင့်လင်းစွာ ပြောဆို ဆက်ဆံတတ်သူ ဖြစ်စေ၊ ထူးချွန်သူဖြစ်စေ၊ သူလိုငါလို အဆင့်ရှိသူဖြစ်စေ၊
ရုပ်ရည်ချောမောသူဖြစ်စေ၊ မချောမွေ့သူဖြစ်စေ မလှပသူဖြစ်စေ၊
အချို့လူမျာက သင့်အားနှစ်သက်လက်ခံ ခင်မင်ကြမည်။ အချို့က ဂရုစိုက်ကြလိမ့်မည်မဟုတ်ပါ။
၁၀။ လူတစ်ယောက်နဲ့ တစ်ယောက် စရိုက်မတူဘူး။ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံ မတူဘူး။
ဒါကြောင့် အခြေအနေ တစ်ခုကို မြင်ပုံ ခံစားပုံ အဓိပ္ပါယ်ကောက်ပုံမတူဘူး။
ကိုယ်မြင်သလို သူလည်းမြင်မယ်လို့ ပုံသေမတွေးပါနဲ့၊ ငါမြင်သလို မမြင်ရကောင်းလားဆိုပြီးလည်း
စိတ်မဆိုးပါနဲ့။
၁၁။ ကိုယ့်လမ်းကိုယ်ရွေးတဲ့အခါမှာ ပတ်ဝန်းကျင်က အတော်အတန်ပြောကြပါလိမ့်မယ်။ ဝေဖန်ကြပါလိမ့်မယ်။
အဲ့ဒါကို ခံနိုင်ရည်ရှိဖို့ အင်မတန် အရေးကြီးတယ်။ ဒီလမ်းကို ရွေးလိုက်တဲ့ အတွက်ကြောင့်ဘယ်လိုထိခိုက်နိုင်မယ်၊
နစ်နာမယ်၊ဘယ်အရာကို စွန့်လွတ်ရမယ်ဆိုတာလည်း တိတိကျကျသိရမယ်။
၁၂။ ပူဆွေးသောက ငှက်များ သင့်ခေါင်းပေါ်ကဖြတ်သန်းခြင်းကိုသင်တားဆီးနိုင်မည်မဟုတ်ပါ
သို့သော် သင့်ခေါင်းပေါ်မှာ အသိုက်ဆောက် အခြေချမနေအောင်ကား သင်တာဆီးနိုင်ပါသည်။
၁၃။ ဘယ်သူကမှ ပျော်ရွှင်စေရမယ်လို့ တို့ကိုအာမခံမထားဘူး။
ဘဝဟာ လူတစ်ဦးချင်းစီ အတွက် အချိန်ရယ် နေရာရယ်ကိုပဲပေးတယ်။
ပျော်ရွှင်မှုကို လောင်းဖြည့်နိုင်ဖို့ဆိုတာ ကိုယ့်အပေါ်မှာဘဲ မူတည်ပါတယ်။
၁၄။ တစ်စုံတစ်ယောက်က သင်ဖြစ်စေချင်သလို မလုပ်ရင် သင်မျော်လင့်သလိုဖြစ်မလာလျှင် စိတ်မပျက်ပါနှင့်
သင့်ကိုယ်သင်တောင် သင့်စိတ်တိုင်ကျအောင်မလုပ်နိုင်သေးတာပဲ။
၁၅။ လူတိုင်းဟာ အနုပညာရှင်တွေပါပဲ ကိုယ့်ဘဝကို ကိုယ် ပုံဖော်နေတဲ့ ပန်းပုဆရာ ဖြစ်ပါတယ်။
တချို့လက်ရာ သိတ်ကောင်းတယ်။ တချို့တော့ ပုံပျက်ပန်းပျက် ဘဝကို ဖန်တီးယူလိုက်တယ်။
၁၆။ ကိုယ့်မှာမရှိတာတွေကိုပဲ လိုက်တွေးနေလို့ကတော့ စိတ်ဆင်းရဲမှုတွေက ဆုံးနိုင်တော့မှာ မဟုတ်ပါဘူး။
လောကမှာ အရာရာ ပြည့်စုံသူရယ်လို့ မရှိပါဘူး။တစ်ခုခုတော့ လိုအပ် နေတာချည်းပဲ။
စိတ်ကျေနပ်မှုဆိုတာ အရာရာပိုင်ဆိုင်တာကနေ ပေါက်ဖွားလာတာ မဟုတ်ပါဘူး။
တကယ်တော့ ကိုယ်မှာရှိတာနဲ့ တင်းတိမ်ရောင့်ရဲပြီး တစ်ခြားလူတွေနဲ့လည်း
မျှဝေနိုင်တဲ့ အရည်အချင်းရှိမှ စိတ်ကျေနပ်မှု ရနိုင်တာဖြစ်ပါတယ်။
၁၇။ ပါးစပ်က ဘာပဲပြောပြောနောက်ဆုံးမှာ သဘောထားကပဲ အဆုံးအဖြတ်ပေးပါတယ်။
ပါးစပ်က ညာလို့ရတယ် သဘောထားက ညာလို့မရဘူး။
ချစ်စရာကောင်းတာလည်း သဘောထားကြောင့် မုန်းစရာကောင်းတာလည်း သဘောထားကြောင့်ပဲ။
ဘဝမှာ ရေရှည်အဆင်ပြေဖို့ အရေးအကြီးဆုံးက သဘောထား မှန်ဖို့ပါပဲ။
၁၈။ မိုက်မဲယုတ်မာသော အဆွေခင်ပွန်းထက် အသိအလိမ္မာ နှလုံးရည်နှင့် ပြည့်ဝသော ရန်သူကမှ
ကျွန်ုပ်တို့၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပေဦးမည်။
၁၉။ လူတစ်ယောက် ကို အသုံးချချင်စိတ်နဲ့ ဘယ်တော့မှမပေါင်းပါနဲ့။
ကိုယ့်ကို သုံးလို့ရတုန်း သုံးပြီးတော့ သုံးမရတဲ့အခါ လွှင့်ပြစ်တာကို ခံရရင် ဘယ်လိုနေမလဲ။
၂၀။ ဒုက္ခရောက်တဲ့အခါ ငါမှဘာလို့ဒုက္ခရောက်ရတာလဲလို့ မေးတတ်တယ်။
တကယ်မေးသင်တဲ့ မေးခွန်းက ငါဘာသင်ခန်းစာ ယူရမလဲ. ဘာလုပ်သင့်လဲ၊
ငါတတ်နိုင်တာ ဘာရှိလဲလို့မေးသင့်တယ်။
၂၁။ အများအကျိုးကို ဆောင်ရွက်နိုင်တဲ့သူ ဖြစ်ရတာဝမ်းသာစရာ သိပ်ကောင်းပါတယ်။
ကိုယ့်ဘဝ ကို ကျေနပ်မှု ပိုရချင်ရင် တတ်နိုင်သလောက် အများအကျိုးဆောင်ရွက်ပါ။
၂၂။ ထုံထိုင်းသူ ထက်သန်တက်ကြွစိတ်ကင်းမဲ့သူ စိတ်ဓါတ်ကျဆင်းကာ
အမြဲညည်းညူး နေတတ်သူတို့၏ နောက်မှာ မည်သူမှ လိုက်ပါရိုးထုံးစံ မရှိပေ။
၂၃။ လုပ်ရဦးမယ်လို့ တွေးတာက ပိုပင်ပန်းတယ်။ ထလုပ်လိုက်တာက သိပ်မပင်ပန်းဘူး။
လုပ်ပြီးသွားတဲ့အခါ “ငါလုပ်တာလေး တစ်ခုတော့ ပြီးသွားပြီကိုး” လို့ဆိုပြီး စိတ်ထဲမှာ တစ်မျိုးကျေနပ်မှုရတယ်။
၂၄။ တကယ်မလုပ်မဖြစ်လုပ်ရမဲ့အလုပ် မပြောမဖြစ် ပြောရမဲ့ ကိစ္စမျိုးကို
အချိန်ဆွဲမနေဘဲ အမြန်ဆုံး ပြုလုပ်ပြောဆိုခြင်းဖြင့် စိတ်သက်သာမှု အမြန်ဆုံးရရှိနိုင်ပါသည်။
၂၅။ တစ်ကြိမ်တစ်ခါ (သို့) သုံးလေးကြိမ်ရှုံးနိမ့်မှုကြောင့် သင့်ဘဝတစ်ခုလုံး ဆုံးရှုံးစရာ အကြောင်းမရှိပါ။
ရှုံးနိမ့်ခြင်းဟူသည် ဘဝ၌ မလွဲမသွေ ကြုံတွေ့ရမည့် အခြင်းအရာသာ ဖြစ်သည်။
ဧရာမ ကြီးကျယ်သော အောင်မြင်မှုတို့သည် ရှုံးပွဲအလီလီတို့၏ နောက်မှသာ လိုက်ပါလာလေ့ရှိကြသည်။
၂၆။ မည်မျှဘေးဒုက္ခ တွေ့ကြုံခဲ့ရသည်ဖြစ်စေ မည်မျှ ကံဆိုးမိုးမှောင်ကျခဲ့သည်ဖြစ်စေ
သင်ကိုယ်တိုင် လက်မြောက်အရှုံးမပေးမခြင်းကား အရှုံးသမားတစ်ယောက် မဖြစ်သေးပေ။
၂၇။ ဆုတ်ထားသောလက်ဖြင့် ဘယ်အရာကိုမှ မခံယူနိုင်။
၂၈။ နှလုံးသွင်းမကောင်းလို့ မနာလိုဖြစ်နေတာ မနာလိုအဖြစ်ခံရတဲ့ သူက ဘာမှဖြစ်မသွားဘူး။ ကိုယ်ပဲပူလောင်ပါတယ်။
၂၉။ လူတွေရဲ့ အထင်ကြီးမှု အထင်သေးမှု ချီးမွမ်းကဲ့ရဲ့မှုတွေက အဓိက မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို အထင်မသေးမိဖို့က အဓိကပါ။
၃၀။ ပြတ်ပြတ်သားသား မဆုံးဖြတ်တတ်သူမှာ ပြဿနာ အစိုင်အခဲကို ခေါင်းထဲ မွေးမြူ ထားကာ အမြဲ ဦးနှောက်လေးလံဖိစီး နေတတ်သည်။
သည်လိုလူမျိုးများမှာ စိတ်မချမ်းသာ အလုပ်လည်းမဖြစ်ဘဲ အောင်မြင်မှုနှင့်လည်း ကင်းဝေးနေရသည်။
အားလုံးပဲ တွေးတော ဆင်ခြင်နိုင်ကြပါစေနော်...
မှတ်ချက် ။ ။ ခရမ်းပြာကျူးလစ်ရဲ့ ပို့စ်လေးကိုကူးယူထားခြင်းဖြစ်ပါတယ် ။
2 comments:
ဓါ...ဘူ့ရဲ့ဘီလောက်လေးလဲဗျ.. :) :D
မှတ်သားစရာလေးတွေရှာဖွေတွေ့လိုက်ရတယ်
Post a Comment